Co-curricular Activities

Music

ကျောင်းသူကျောင်းသာတွေရဲ့စိတ်ကူးစိတ်သန်းတွေရှင်သန်ဖို့၊ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်အလှကိုကြည့်မြင်နိုင်ဖို့၊ စိတ်နဲ့ခံစားချက်တွေကို နားလည်နိုင်ဖို့၊ ပေါင်းသင်းဆက်ဆံမှုတွေမှာလဲ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ဆိုရင် ကလေးတွေဟာ ဂီတနဲ့ဆက်သွယ်စီးဆင်းတတ်ဖို့ လိုအပ်ပါတယ်။ အမေ့ရတနာကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို လူသားဆန်သောကလေးများဖြစ်ထွန်းလာစေဖို့ ဂီတပညာကိုထည့်သွင်းသင်ကြားပေးပါတယ်။

IT

အမေ့ရတနာကျောင်းတွင် ကျောင်းသူကျောင်းသားမှာ နည်းပညာခေတ်တွင် ရှေ့ကိုတစ်လှမ်းသာနေပြီး ခေတ်မီနည်းပညာဆိုင်ရာ အသိပညာများရရှိစေရန် အမြဲကူညီပေးသည့်၊ ဖန်တီးမှုစွမ်းအင်များတိုးတက်လာစေရန် လမ်းညွှန်သင်ကြားပေးသည့် ဆရာများစွာရှိသည်။

Sports

အမေ့ရတနာကျောင်းမှ ကျောင်းသူကျောင်းသားများသည် ကျန်းမာပျော်ရွှင်သောကလေးများဖြစ်စေရန်၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ တက်ကြွသောလူနေမှုပုံစံတွင်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်စေရန် အားကစားပညာကိုအလေးထားသင်ကြားပေးပါသည်။