About Us

Mother's Treasure
School

အမေ့ရတနာကျောင်း သည် ကျောင်းသူ/သားတို့၏ လူနေမှုအသိုင်းအဝိုင်းအတွက် ခေါင်းဆောင်ကောင်းဖြစ်ရန်နှင့် ကောင်းကျိုးပြုရန်အတွက် အသင့်ဖြစ်နေအောင် တိကျသောပညာရေးများကို ပေးအပ်ရန် အဓိကထားဆောင်ရွက်ပါသည်။ အမေ့ရတနာကျောင်း၏သင်ကြားမှုများတွင် စာတတ်မြောက်ခြင်းမှသည် ဂီတနှင့် အနုပညာအထိပါတက်မြောက်စေရန်အတွက် နေ့ရက်တိုင်းသည် ပျော်ရွှင်စရာကောင်း၍ အဘက်ဘက်၌ဖွံ့ဖြိုးတိုးတက်စေမည့် အတန်းတွင်းနှင့်ကျောင်းတွင်းလှုပ်ရှားမှုများ ဖြင့် ပြည့်ဝနေသည်။

သားသမီးတွေဟာ မိဘတိုင်းရဲ့ ရတနာဖြစ်လို့ ဒီရတနာလေးတွေကိုတန်ဖိုးကြီးလာအောင် မိဘတွေနဲ့အတူ ဒီကျောင်းတော်ကြီးက ဝိုင်းဝန်းပြုစုပျိုးထောင်ပံ့ပိုးပေးမှာဖြစ်ပါတယ်။

Zaw Dan — Founder
Champion School at a Glance
Current Enrollments
0 K+
Qualified Staff
0 +
Clubs & Activities
0 +
Active PTFA Members
0 +
Mission Statement

ကျွန်ုပ်တို့၏တာဝန်မှာ ကလေးတစ်ဦးစီ၏ ထူးခြားသောစွမ်းရည်များနှင့် အလားအလာများကို ပြည့်စုံကောင်းမွန်သောပညာရေးဆိုင်ရာအစီအစဉ်များ အသုံးပြုခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။ လက်တွေ့သင်ကြားမှုဖြင့် ကလေးတစ်ဦးချင်းစီထူးချွန်ရန် ကျွန်ုပ်တို့ ကြိုးစားပါသည်။ အမေ့ရတနာကျောင်း၏ရည်ရွယ်ချက်မျာ ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်သော သင်ရိုးညွှန်းတမ်း များသည် လူ့ပတ်ဝန်းကျင်ကိုအကျိုးပြုသော၊ ဂရုဏာစာနာစိတ်နှင့်ပြည့်ဝသော၊ ဉာဏ်ရည်ဉာဏ်သွေး ပြည့်စုံပြီး စူးစမ်းလိုစိတ်ရှိသော နိုင်ငံသားများ ပျိုးထောင်ပေးရန်ဖြစ်သည်။

Our Core Values

ကျွန်ုပ်တို့ကျောင်းတွင်တက်ရောက်နေသည့် ကျောင်းသူ/သားများကို ခေတ်မီ၊ ဆီလျော်မှုရှိကာ၊ ပိုမိုတောက်ပသောအနာဂတ်ရှိစေရန် ပျိုးထောင်ပေးရမည် ဆိုသည့်အစဥ်အလာဓလေ့တစ်ခုရှိပါသည်။ ကျွန်ုပ်တို့သည်ကလေးနှင့် လူငယ်များကိုသင်ကြားပို့ချရာတွင်အကောင်းဆုံးပညာရေးကိုသာပေးမည်ဟုစိတ်ပိုင်းဖြတ်ထားပါသည်။

Our Philosophy

အမေ့ရတနာကျောင်း တွင် ကလေးဗဟိုပြု ပညာရေးဆိုင်ရာချဉ်းကပ်မှုစနစ် (child-centered educational approach) အတိုင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကလေးတစ်ဦးသည် နဂိုကပင် သဘာဝအတိုင်း စူးစမ်းလိုစိတ်ရှိသည့်အတွက် စနစ်တကျ ဖန်တီးထားသောပတ်ဝန်းကျင်တွင် လိုအပ်သောပံ့ပိုးကူညီမှုဖြင့် သင်ယူမှုစတင်နိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။