Mother's Treasure School

သင်ယူခြင်းကို အမေ့ရတနာကျောင်းနှင့် စတင်လိုက်ပါ

အမေ့ရတနာကျောင်း တွင် ကျောင်းသူ/သားများ အချိန်နှင့်အလိုက် တိုးတက်နိုင်ရန် ပံ့ပိုးမှုအပြည့်နှင့် သင်ကြားလိုစိတ်ကို လှုံ့ဆော်မှုရှိသော ပတ်ဝန်းကျင်များကို တည်ဆောက်ထားပါသည်။ သင်ယူလိုစိတ်သည် ထူးချွန်ထက်မြက်သော ရလဒ်များကို ရရှိစေပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်မှုရှိပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသော တွေးခေါ်ရှင်များကို ပျိုးထောင်ပေးရန် ကြိုးပမ်းပြီး ကျောင်းသူ/သားတိုင်း၏ အနာဂတ်နှင့် အမှန်တကယ်သက်ဆိုင်သည့် ပညာရေးကို ပေးအပ်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့သည် ကျောင်းသူ/သားများ၏ ကာယပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Physical Development)၊ အသိဉာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Mental Development)၊ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Moral Development)၊ စိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု (Social Development) များဖြစ်သည့် ဘက်စုံဖွံ့ဖြိုးမှုး(၅) ရပ်ကို အဓိကထား၍   
အဘက်ဘက်တိုးတက်အောင်မြင်အောင် သင်ကြားပျိုးထောင်းသွားမည့်ကျောင်းဖြစ်ပါသည်။

Mother's Treasure at a Glance
Current Enrollments
0 K+
Qualified Staff
0 +
Clubs & Activities
0 +
Active PTFA Members
0 +

ကျောင်းနေပျော်၍ လူကောင်းလူတော်
 ဖြစ်ကြစို့

Zaw Dan— Director

Co-Curricular Activities

အမေ့ရတနာကျောင်း သည် ကျွန်ုပ်တို့၏ကျောင်းသူ/သားများအားလုံးကို အကောင်းဆုံးလူမှုပတ်ဝန်းကျင်ဘဝအတွက် ပြင်ဆင်ပေးရန်အတွက် အသင့်တော်ဆုံး ပံ့ပိုးမှုများနှင့်တကွ နိုင်ငံတကာအဆင့်အတန်း ပြည့်မီပြီး မျှတသောသင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပေးရန် ရည်ရွယ်ပါသည်။

International standard

အရည်အသွေးကောင်းမွန်ခိုင်မာသော Pearson Edexcel

Computer Lab Room

(ကွန်ပျူတာခန်းနှင့် ကွန်ပျူတာသင်ခန်းစာများ)

Science Lab Room

(သိပ္ပံလက်တွေ့ခန်းနှင့် သိပ္ပံလက်တွေ့ စမ်းသပ်ပစ္စည်းများ)

Music

(ဂီတသင်ကြားရန်စန္ဒယားနှင့် ဂီတပစ္စည်းများ)

Rooftop playground

(လုံခြုံစိတ်ချမှုရှိသော ကာယလှုပ်ရှားမှုနေရာများ)

Activities

Music

ကျောင်းသူကျောင်းသာတွေရဲ့စိတ်ကူးစိတ်သန်းတွေရှင်သန်ဖို့၊ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်အလှကိုကြည့်မြင်နိုင်ဖို့၊ စိတ်နဲ့ခံစားချက်တွေကို နားလည်နိုင်ဖို့၊ ပေါင်းသင်းဆက်ဆံမှုတွေမှာလဲ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ဆိုရင် ကလေးတွေဟာ ဂီတနဲ့ဆက်သွယ်စီးဆင်းတတ်ဖို့ လိုအပ်ပါတယ်။ အမေ့ရတနာကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို လူသားဆန်သောကလေးများဖြစ်ထွန်းလာစေဖို့ ဂီတပညာကိုထည့်သွင်းသင်ကြားပေးပါတယ်။

IT

အမေ့ရတနာကျောင်းတွင် ကျောင်းသူကျောင်းသားမှာ နည်းပညာခေတ်တွင် ရှေ့ကိုတစ်လှမ်းသာနေပြီး ခေတ်မီနည်းပညာဆိုင်ရာ အသိပညာများရရှိစေရန် အမြဲကူညီပေးသည့်၊ ဖန်တီးမှုစွမ်းအင်များတိုးတက်လာစေရန် လမ်းညွှန်သင်ကြားပေးသည့် ဆရာများစွာရှိသည်။

Sports

အမေ့ရတနာကျောင်းမှ ကျောင်းသူကျောင်းသားများသည် ကျန်းမာပျော်ရွှင်သောကလေးများဖြစ်စေရန်၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ တက်ကြွသောလူနေမှုပုံစံတွင်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်စေရန် အားကစားပညာကိုအလေးထားသင်ကြားပေးပါသည်။